ဗိုက်အပ်ခြင်း၏အရေးကြီးမှုကိုသိထားခြင်းနှင့်သဘောပေါက်နားလည်အောင်ပြုလုပ်ခြင်း
ကိုယ်၀န်အပ်ခြင်းသို့မဟုတ်ဗိုက်အပ်ခြင်းသည် အရေးကြီးသောကိစ္စတစ်ခုဖြစ်ပြီးအမေအဖေဖြစ်သူသည်အရေးထားရမည့်အရာတစ်ခုဖြစ်ပါသည်။ဗိုက်အပ်ရန်နေရာရွေးချယ်ခြင်း၊ဆရာ၀န်နှင့်၀န်ဆောင်ရန်နေရာများသည် မွေးလာမည့်ကလေးကိုသက်ရောက်စေပါမည် ကိုယ်၀န်နေစဉ်ကနေပြီးမွေးတဲ့အထိပြုစုစောင့်ရှောက်ခြင်းဖြစ်ပါသည်။ထို့ကြောင့်အမေရောကလေးပါ မိသားစုလိုပြုစုစောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။
ဗိုက်အပ်ခြင်း၏အရေးကြီးမှု
ဗိုက်အပ်ခြင်းသည်အမေတိုင်းအတွက်ပြုလုပ်ရမည့်အရာဖြစ်ပါသည်။ဘာလို့လဲဆိုတော့ သငိ၏ကိုယ်၀န်ကိုကောင်းကောင်းမွန်မွန်ဖြစ်ဖို့အတွက်ကိုယ်၀န်ဆောင်ခြင်းနှင့်မွေးဖွားခြင်းသည်အမေဖြစ်သူကိုအန္တရာယ်ထိခိုက်စေနိုင်ပါသည်။လုံလုံခြုံခြုံမွေးလာဖို့အတွက် သန္ဓေသားလဲမွေးပြီးနောက်ကျန်းကျန်းမာမာရှိနေဖို့အတွက် ဗိုက်အပ်ခြင်းသည်စောင့်ရှောက်ခြင်းကိုရယူပုံနှင့်မှန်မှန်ကန်ကန်ပြုစုမှုကိုအကြံဉာဏ်ရယူခြင်းဖြစ်ပါသည်။ဘာလို့လဲဆိုတော့ကလေးရောအမေပါ ကိုယ်၀န်ချိန်နေစဉ်၌မူမမှန်သောလက္ခဏာများဖြစ်ပေါ်တတ်ပါသည်၊ ဉပမားအားဖြင့်သန္ဓေသား၏ဖွိ့ဖြိုးတိုးတက်ခြင်း၏မူမမှန်ခြင်း နှင့် သန္ဓေသား၏အသက်ရှင်နေထိုင်ခြင်း အချို့သောရောဂါလက္ခဏာများသည် သွေးကြောမှတဆင့်ကူးစက်သည်။ဗိုက်အပ်ခြင်းသည်အမေရောကလေးပါမူမမှန်သောကျန်းမာရေးပိုင်းကိစ္စများကိုကြိုတင်သိစေနိုင်ပါမည်။ထို့နောက်သန္ဓေသားမွေးပြီးနောကိပိုင်းကိုလဲစစ်ဆေးရန်ရှိပါလိမ့်မည်။
အမေများအတွက်ဗိုက်အပ်ခြင်း၏ကောင်းကျိုုး
- ၁.ဗိုက်အပ်ခြင်းသည် အမေများအတွက်ကိုအစပိုင်းကနေပြီးမွေးတဲ့အထိ ဆရာ၀န်အားဖြင့်ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ခြင်းနှင့်သန္ဓေသားကျွေးမွေးပြုစုပုံများအပါအ၀င်ကိုလဲရရှိခံယူရပါလိမ့်မည်။
- ၂.ကိုယ်၀န်နေစဉ်ကာလ၌တခြားလက္ခဏာများဖြစ်ပေါ်မှုကိုအမေများစိုးရိမ်ရန်မလိုပါတော့သည်။ဘာလို့လဲဆိုတော့ဗိုက်အပ်ထားပြီးခဲ့လျှင်ဆရာ၀န်များထံမှဂရုစိုက်မှု သို့မဟုတ် လုပ်ထုံလုပ်နည်းများကိုလဲအကြံဉာဏ်များရရှိပါမည်။
- ၃.ဗိုက်အပ်ပြီးခဲ့လျှင်ဆရာ၀န်ရက်ချိန်းအရအမြဲလာရပါမည် အကယ်၍အမေများတခြားမူမမှန်သောလက္ခဏာများဖြစ်ပေါ်လာပါက ဆရာ၀န်ထံမှအကြံဉာဏ်ရယူပြီးကုဖို့အချိန်မီနိုင်ပါလိမ့်မည်။
- ၄.ဗိုက်အပ်ခြင်းသည်အမေအတွက် ဗိုက်ထဲ၌သန္ဓေသား၏အနေအထားကြီးထွားမှုအဆင့်ဆင့်ကိုသိစေနိုင်ပါမည် ကိုယ်၀န်ချိန်ကနေစပြီးမွေးတဲ့အထိဘယ်လိုပြင်ဆင်ပြုစုစောင့်ရှောက်ရမယ်ဆိုတာကိုလဲကြိုတင်ပြင်ဆင်ထားနိုင်ပါမည်။
ထို့ကြောင့်ဗိုက်အပ်ခြင်းသည်အရေးကြီးတယ်ဆိုတာကိုတွေ့မြင်ရပါသည် အထူးသဖြင့်ပထမဉီးဆုံးကိုယ်၀န်စရှိသူသောသူအတွက် ဗိုက်ထဲ၌သန္ဓေသားကိုပြုစုစောင့်ရှောက်ခြင်းနှင့်အမေများကျန်းမာရေးပြုစုစောင့်ရှောက်မှုများကိုဆရာ၀န်များထံအကြံဉာဏ်ရယူပြီးမွေးတဲ့အထိပြုစုစောင့်ရှောက်ခြင်းရယူပါလိမ့်မည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Mr.Achawin Thamsoonthorn
General Manager
Latest edit :
Images may be used without prior permission exclusively for educational or informational purposes, as long as proper credit is given to intouchmedicare.com