အင်ထပ်မီဒယ်ခဲဆေးခန်း ချလန်ဂုန် (Charoenkrung) ဌာနခွဲ

အင်ထပ်မီဒယ်ခဲဆေးခန်းကို ချလန်ဂုန်(Charoen Krung) လမ်းတွင်လည်း ဌာနခွဲ ဖွင့်လှစ်ထားရှိပါသည်။ ဘန်ကောက်မြို့လယ် ဧရိယာဖြစ်သော ဘန်ရတ် (Bang Rak) ၊ စယမ် (Siam) နှင့် ဟိုလမ်ဖုန်း (HuaLamphong) အနီးတဝိုက်တွင် ဆေးခန်းရှာဖွေနေသူများအတွက် ကျွန်ုပ်တို့၏ အင်ထပ်မီဒယ်ခဲဆေးခန်း (ချလန်ဂုန်ဌာနခွဲ) မှ အသင့်စောင့်ကြို ဝန်ဆောင်မှုပေးနေပါသည်။”

လူကြီးမင်းတို့၏ ကျန်းမာရေးနှင့် လိုအပ်ချက်များအတွက် အထူးကုဆေးရုံကြီးတစ်ခုကဲ့သို့ စံချိန်စံညွှန်းပြည့်မီသော ဝန်ဆောင်မှုများဖြင့် အဆင့်တိုင်းတွင် အစွမ်းကုန် ဂရုစိုက်ဆောင်ရွက်ပေးနေပါသည်။

★★★★★
ချလန်ဂုန်ဌာနခွဲ၏ ဝန်ဆောင်မှုအပေါ် သုံးသပ်ချက်များနှင့် အမှတ်တရပုံရိပ်များ”

ဆေးခန်းဖွင့်ချိန်

  • တနင်္လာ – သောကြာ နံနက် ၈:၀၀ – ည ၇:၀၀
  • စနေ – တနင်္ဂနွေ နံနက် ၉:၀၀ – ည ၄:၀၀
ဝန်ဆောင်မှုအတွက်လိုအပ်ပါကဖုန်းခေါ်ဆိုရင်(သို.)လိုင်းစိမ်းမှာစာပို့လာနိုင်ပါတယ်ရှင့်

ဆက်သွယ်ရန်ဖုန်းနံပါတ်

ကျွန်ုပ်တို့ဆေးခန်းတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ဒဏ်ရာဆေးကြောခြင်း၊ အနာချုပ်ခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ အားဆေးရည်သွင်းခြင်းနှင့် ဆေးစစ်ချက်လက်မှတ်များ (ယာဉ်မောင်းလိုင်စင်နှင့် အခြားလိုအပ်ချက်များအတွက်) ထုတ်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးနေပါသည်။

ထို့အပြင် အထူးဝန်ဆောင်မှုများအနေဖြင့် သွေးစစ်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအား စစ်ဆေးကုသခြင်းနှင့် လုပ်ငန်းခွင်အမျိုးအစားအလိုက် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကိုလည်း မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်သည့် အထူးပက်ကေ့ဂျ်များဖြင့် စနစ်တကျ ဝန်ဆောင်မှုပေးပါသည်။

စီဖရာ (Si Phraya) နှင့် ချလန်ဂုန် (Charoen Krung) ဧရိယာအတွင်း ကိုယ်ဝန်အပ်နှံရန် ရှာဖွေနေသူများအတွက် အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ဝန်ဆောင်မှုပေးနေပါသည်။ 
 
​ကျွန်ုပ်တို့ဆေးခန်းတွင် ကိုယ်ဝန်ရှိ၊ မရှိ သွေးစစ်ဆေးခြင်း၊ စနစ်တကျ ကိုယ်ဝန်အပ်နှံခြင်းနှင့် မီးဖွားခြင်းမပြုမီနှင့် မီးဖွားပြီးနောက် မိခင်ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှုများကို အလေးထား ဆောင်ရွက်ပေးနေပါသည်။ ​လူဦးရေထူထပ်မှုမရှိဘဲ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တွင် မြန်ဆန်ချောမွေ့စွာ ဝန်ဆောင်မှုခံယူနိုင်ပါသည်။
ဝန်ဆောင်မှုအတွက်လိုအပ်ပါကဖုန်းခေါ်ဆိုရင်(သို.)လိုင်းစိမ်းမှာစာပို့လာနိုင်ပါတယ်ရှင့်
Pantip ဝဘ်ဆိုဒ်နှင့် အခြားသော အွန်လိုင်းများတွင် ကျွန်ုပ်တို့ဆေးခန်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရှာဖွေနေသူများအတွက် အောက်ပါကျန်းမာရေးဝန်ဆောင်မှုများကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေပါသည်။
ကျွန်ုပ်တို့ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ –
  • အထွေထွေကျန်းမာရေးစစ်ဆေးခြင်း 
  • ဆီးချိုရောဂါ ကုသစောင့်ရှောက်ခြင်း 
  • မျက်စိစွံခြင်းအား ခွဲစိတ်ကုသခြင်း 
  • ဝမ်းဗိုက် အာထရာဆောင်းရိုက်ခြင်း
  • သားဖွားနှင့် မီးယပ်ဌာနဆိုင်ရာ ဝန်ဆောင်မှုများ(သားဆက်ခြားဆေးထိုးခြင်းနှင့် ကိုယ်ဝန်တားခြင်းဆိုင်ရာ နည်းလမ်းများ၊လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း ပြန်လည်ထုတ်ယူခြင်း၊အမျိုးသမီးများ သားအိမ်ခေါင်းနှင့် အတွင်းပိုင်းစစ်ဆေးခြင်း၊အဖြူဆင်းခြင်းနှင့် မီးယပ်ရောဂါများအား စစ်ဆေးကုသခြင်း)
  • ကလေးကျန်းမာရေးနှင့် ကလေးရောဂါဆိုင်ရာ ကုသစောင့်ရှောက်ပေးခြင်း
မှတ်ချက်: ကျွန်ုပ်တို့ဆေးခန်းတွင် သွားဘက်ဆိုင်ရာဝန်ဆောင်မှုများ (သွားနှုတ်ခြင်း၊ သွားညှိခြင်း ) ဝန်ဆောင်မှု မရှိပါကြောင်း အသိပေးအပ်ပါသည်။
 

ဆေးခန်းတည်နေရာ

  • 985, 987 Charoen Krung Road, Maha Phruettharam Subdistrict, Bang Rak District, Bangkok 10500
  • ဆေးခန်းအဆောက်အအုံသည် ချလန်ဂုန် လမ်းသွယ် ၃၇ (Soi Charoen Krung 37) အနီး၊ လမ်းမကြီးဘေး (ဘယ်ဘက်ခြမ်း) တွင် တည်ရှိပါသည်။

ဆေးခန်လမ်းညွှန်

  • MRTနှင့် လာပါက: ဟိုလမ်ဖုန်းဘူတာ (Hua Lamphong Station) တွင် ဆင်းပါ။ ဆေးခန်းနှင့် ၁ ကီလိုမီတာခန့် ကွာဝေးပြီး ဆိုင်ကယ်ကယ်ရီဖြင့် အလွယ်တကူ လာရောက်နိုင်ပါသည်။
  • BTSနှင့် လာပါက: ဆဖန်းတာ့ဆင်ဘူတာ (Saphan Taksin Station) တွင် ဆင်းပါ။ ဆေးခန်းနှင့် ၁.၄ ကီလိုမီတာခန့် ကွာဝေးပြီး ဆိုင်ကယ်ကယ်ရီ သို့မဟုတ် ဘတ်စ်ကားလိုင်းအမှတ် (၁၊ ၃၅၊ ၇၅)နှင့် လာရောက်နိုင်ပါသည်။
  • အကြံပြုချက်:ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့စေရန်အတွက် ဆိုင်ကယ်ကယ်ရီ ဝန်ဆောင်မှုကို အသုံးပြုရန် အကြံပြုအပ်ပါသည်။

ဘန်ကောက်မြို့အတွင်း နေထိုင်သူများအနေဖြင့် ဆေးရုံကြီးများသို့ သွားရောက်ရမည့်အစား မိမိတို့အတွက် ပိုမိုအဆင်ပြေချောမွေ့စေမည့် ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူလိုပါက အင်ထပ်မီဒယ်ခဲဆေးခန်း၏ ဝဘ်ဆိုဒ်(website)တွင် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မိမိတို့နှင့် နီးစပ်ရာ ဆေးခန်းတည်နေရာကို ရှာဖွေလိုပါက Google တွင် ‘Clinic Near Me Intemedicalဟု ရိုက်နှိပ်ရှာဖွေနိုင်ပါသည်ဟု အကြံပြုအပ်ပါသည်။

 

ချလန်ဂုန် ဌာနခွဲ ဆရာဝန်

  • JITTIWAT AMNOUYPON, M.D.
  • ဆေးပညာဌာန ၊ ဝချိရဆေးရုံ၊ နဝမိန်ထရာဓိရာဇ် တက္ကသိုလ် (၂၀၁၈ ခုနှစ်)။


ဆေးစစ်ချိန်

  • ​တနင်္လာနေ့ – သောကြာနေ့: နံနက် ၈:၀၀ နာရီ မှ ည ၇:၀၀ နာရီအထိ
ဝန်ဆောင်မှုအတွက်လိုအပ်ပါကဖုန်းခေါ်ဆိုရင်(သို.)လိုင်းစိမ်းမှာစာပို့လာနိုင်ပါတယ်ရှင့်

သားဖွားမီးယပ်အထူးကုဆရာဝန်ချလန်ဂုန် ဌာနခွဲ

  • PUNIKA PANICHAYA, M.D.

  • ဆေးပညာဌာန၊ ချူလာလောင်ကွန်းတက္ကသိုလ်
  • သားဖွားနှင့် မီးယပ်ပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်၊ ဆေးပညာဌာန ချူလာလောင်ကွန်းတက္ကသိုလ်


ဆေးစစ်ချိန်

  • ​ဗုဒ္ဓဟူးနေ့: ညနေ ၄:၀၀ နာရီ မှ ည ၇:၀၀ နာရီအထိ

သားဖွားမီးယပ်အထူးကုဆရာဝန်ချလန်ဂုန် ဌာနခွဲ

  • SIRARAT ITTIPURIPAT, M.D.
  • ဆေးပညာဌာန၊ ချူလာလောင်ကွန်းတက္ကသိုလ်
  • ​သားဖွားနှင့် မီးယပ်ပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်၊ ဆေးပညာဌာန ချူလာလောင်ကွန်းတက္ကသိုလ်


ဆေးစစ်ချိန်

  • ဗုဒ္ဓဟူးနေ့: ညနေ ၄:၀၀ နာရီ မှ ည ၇:၀၀ နာရီအထိ

အင်ထပ်မီဒယ်ခဲဆေးခန်း ချလန်ဂုန်ဌာနခွဲသည် သွားလာရေးလွယ်ကူချောမွေ့သော နေရာတွင် တည်ရှိပြီး၊ ဆီလုံ-ဆာထွန်(Silom-Sathon) နှင့် စယမ် (Siam) ကဲ့သို့သော စီးပွားရေးအချက်အချာကျသည့် နယ်မြေများအပြငချူလာလောင်ကွန်းတက္ကသိုလ်နှင့်လည်း နီးကပ်စွာ တည်ရှိပါသည်။

MRT သို့မဟုတ် BTS ဖြင့် လာရောက်နိုင်ပြီး ဘူတာမှ ၅ မိနစ်အတွင်း ရောက်ရှိနိုင်ပါသည်။

ဆေးခန်းသည် လမ်းမကြီးဘေးရှိ အညိုရောင်အဆောက်အအုံဖြစ်ပြီး ဆိုင်းဘုတ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။ ကိုယ်ပိုင်ယာဉ်ဖြင့် လာရောက်ပါက ‘ဝပ်မဟာဖရုထာရမ်’ (Wat Maha Phruittharam) ဘုန်းကြီးကျောင်းတွင် အခမဲ့ ရပ်နားနိုင်ပါသည်။

မြေပုံတည်နေရာ

ဆေးခန်းမြေပုံသို့သွားရန်နှိပ်ပါ။


အင်ထပ်မီဒယ်ခဲဆေးခန်းသို့ သွားရောက်ရန် လမ်းညွှန်ချက်များ


 ချလန်ဂုန်ဌာနခွဲယာဉ်ရပ်နားရန်နေရာ

ဝန်ဆောင်မှုအတွက်လိုအပ်ပါကဖုန်းခေါ်ဆိုရင်(သို.)လိုင်းစိမ်းမှာစာပို့လာနိုင်ပါတယ်ရှင့်
  
 

google map မြေပုံ

ကျန်းမာရေးနှင့် ပတ်သက်၍ ပေါ့ဆစွာ မနေသင့်ပါသဖြင့် လူတိုင်းလက်လှမ်းမီနိုင်သော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများရှိရာ အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးမှုများ လာရောက်ခံယူနိုင်ပါသည်

 ဘက်စုံကျန်းမာရေးဝန်ဆောင်မှုများ


★★★★★
သုံးသပ်ချက်များ ကြည့်ရှုရန်


စိတ်ဝင်စားဖွယ် ဆောင်းပါးများ

အသေးစိတ်ဆက်သွယ်မေးမြန်းရန်အတွက်

နောက်ဆုံးပြင်ဆင်ရေးသားခြင်း : 30/12/2025

ရုပ်ပုံများကို ပညာရေးဆိုင်ရာ သို့မဟုတ် ပညာပေးရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန်ခွင့်ပြုထားပြီး intouchmedicare.com ကို ခရက်ဒစ် ပေပြီး အသုံးပြုနိုင်ပါသည်။