ရေယုန်ဘယ်ကနေဖြစ်တာလဲ? ကူးစက်ရလွယ်ပြီး!ဂရုစိုက်ပြုစုကုသမှု

ရေယုန်ဟာ လိင်မှတစ်ဆင့်ကူးစက်သောရောဂါတစ်မျိုးဖြစ်ပြီး လူတစ်ဦးကနေတစ်ဦးဆီ လွယ်ကူစွာကူးစက်နိုင်ပါတယ်။ရေယုန်ရောဂါကူးစက်ခံရပြီဆိုရင် အပြီးတိုင်ပျောက်ကင်းရန် ခက်ခဲပြီး မကြာခဏပြန်လည်ဖြစ်ပွားနိုင်ပါသည်။ အကြောင်းမှာ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောဆဲလ်များတွင် ဖုံးကွယ်ကာ နေထိုင်နိုင်ပြီး ကိုယ်ခံအားစနစ်မှ ရှောင်လွှဲကာ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်အတွင်း တိတ်ဆိတ်စွာ ရှိနေနိုင်သောကြောင့် ဖြစ်ပါသည်။

ရေယုန်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများ

พบแพทย์ ที่อินทัชเมดิแคร์

ရေယုန်ရောဂါဘာကြောင့်ဖြစ်တာလဲ

ရေယုန် (Genital Herpes) သည် အရေပြားမှတဆင့်နှင့် လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး Herpes Simplex Virus (HSV) ကြောင့် ဖြစ်ပွားသည်။ ဤဗိုင်းရပ်စ်သည် လိင်အင်္ဂါ၊ ပါးစပ်အတွင်းပိုင်း သို့မဟုတ် မျက်လုံးအတွင်းပိုင်းရှိ အမြှေးပါးများသို့ တိုက်ရိုက်ဝင်ရောက်ကူးစက်နိုင်သလို အရေပြားပွန်းပဲ့နေသောနေရာများမှလည်း ဝင်ရောက်ကူးစက်နိုင်သည်။ ရောဂါပိုးဝင်ပြီးနောက် ရောဂါလက္ခဏာပေါ်လာရန် ပုံမှန်အားဖြင့် ၃ ရက်မှ ၇ ရက်အထိ ကြာနိုင်သည်။

โรคเริมเป็นได้ที่ไหนบ้าง

ရေယုန်က ဘယ်နေရာတွေမှာ ဖြစ်နိုင်လဲ

  1. အရေပြားနဲ့ အချွဲအမြှေးပါး (mucous membrane) ဆက်နေတဲ့နေရာတွေမှာပေါက်တဲ့ရေယုန် ဥပမာ — နှုတ်ခမ်းရေယုန်၊ ပါးစပ်ရေယုန်၊ နှာခေါင်းပေါက်အနီး
  2. အချွဲအမြှေးပါးပေါ်မှာ တိုက်ရိုက်ပေါက်တဲ့ရေယုန် ဥပမာ — ပါးစပ်အတွင်း၊ မျက်စိအမြှေးပါး၊ မျက်ကြည်လွှာ၊ မိန်းမကိုယ်၊ စအိုနဲ့ စအိုပတ်ဝန်းကျင်၊ အမျိုးသားလိင်အင်္ဂါထိပ်ပိုင်းနဲ့ အနီးဝန်းကျင်
  3. အမျိုးသား၊ အမျိုးသမီး လိင်အင်္ဂါပတ်ဝန်းကျင်မှာပေါက်တဲ့ရေယုန်
    ဥပမာ – အမျိုးသားတွင် လိင်တံအပြင်ပိုင်း၊ အမျိုးသမီးတွင် လိင်အင်္ဂါအပြင်နှုတ်ခမ်း၊ အတွင်းနှုတ်ခမ်း တို့မှာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုမိုတွေ့ရလေ့ရှိပြီး ပူလောင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်းတွေ ပိုပြင်းတတ်ပါတယ်။

ရေယုန်ဗိုင်းရပ်စ်မှာ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ

ရေယုန်ဗိုင်းရပ်စ်မှာ အမျိုးအစား ၂ မျိူးရှိပါတယ်။

Herpes Simplex Virus (HSV-1)

ပုံမှန်အားဖြင့် ပါးစပ်၊ နှုတ်ခမ်း နဲ့ ချက်အပေါ်ပိုင်းအရေပြားတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေနဲ့ လူကြီးတွေမှာ တွေ့ရနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေ မဟုတ်ဘဲ ထိတွေ့မှုကနေ ကူးစက်တတ်ပါတယ်။ ဒါပေမယ့် oral sex ပိုများလာတဲ့အခါ ဗိုင်းရပ်စ် က လိင်အင်္ဂါမှာလည်း ရေယုန် ဖြစ်စေနိုင်ပါတယ်။

Herpes Simplex Virus (HSV-2)

အများအားဖြင့် လိင်အင်္ဂါပိုင်းမှာ ရေယုန်ဖြစ်စေပြီး လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်ပါတယ်။

เริมที่ปาก เริมที่ริมฝีปาก

ပါးစပ်ရေယုန်

ပါးစပ်ရေယုန်ဆိုသည်မှာ ပါးစပ်အတွင်း၊ နှုတ်ခမ်းနှင့် ပါးစပ်ပတ်ဝန်းကျင်တွင် ဖြစ်သော ရေယုန်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်သည်။ ဤနေရာများမှာ အခြားအင်္ဂါအစိတ်အပိုင်းများထက် ရေယုန်ကူးစက်မှုကို ပိုမိုတွေ့ရလေ့ရှိသောနေရာများဖြစ်သည်။ ပထမအကြိမ် ကူးစက်မှုကို များသောအားဖြင့် အသက် ၁ နှစ်မှ ၄ နှစ်အတွင်း ကလေးငယ်များတွင် တွေ့ရပြီး၊ လူကြီးများတွင် ကူးစက်မှုကို တွေ့ရနည်းပါသည်။ အများစုမှာ Herpes Simplex Virus type 1 (HSV-1) ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

เริมอวัยวะเพศหญิง

အမျိုးသမီး လိင်အင်္ဂါရေယုန်

အမျိုးသမီးအင်္ဂါတွင် ဖြစ်သော ရေယုန်သည် အမျိုးသားများထက် ပိုမိုပြင်းထန်တတ်သည်။အကြောင်းမှာ အမျိုးသမီးအင်္ဂါပိုင်းတွင် စိုစွတ်မှုများသောကြောင့်ဖြစ်သည်။ ရေယုန်အဖုများသည် အပြင်ဘက် အမျိုးသမီးအင်္ဂါတွင်သာ မဖြစ်ဘဲ ရောင်ရမ်းမှုလည်း ဖြစ်တတ်ပြီး၊ ယောနိအတွင်းသို့ ပျံ့နှံ့နိုင်သည်။ ထို့အပြင် သားအိမ်ခေါင်းအထိလည်း ကူးစက်ပျံ့နှံ့နိုင်ပြီး၊ အနာဂတ်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို တိုးစေနိုင်သည်။

เริมอวัยวะเพศชาย เป็นตุ่ม

အမျိုးသား လိင်အင်္ဂါရေယုန်

ရေယုန်သည် အမျိုးသားလိင်အင်္ဂါတွင် ဖြစ်ပါက အစုလိုက်အပြုံလိုက် အဖုသေးသေးများပေါ်လာတတ်ပြီး အရေအတွက်အားဖြင့် ၅ ဖုမှ ၁၀ ဖုခန့် ရှိနိုင်သည်။ အများအားဖြင့် လိင်တံထိပ်ဖုံးအရေပြားအစွန်းပိုင်းတွင် ဖြစ်တတ်ပြီး လိင်တံတစ်လျှောက်လုံး သို့မဟုတ် အရေပြားတစ်ဝိုက်တွင် ပြန့်နှံ့နိုင်သည်။
အခြေအနေပြင်းထန်လာပါက ဆီးလမ်းကြောင်းအတွင်းထိ ပိုးဝင်သွားပြီး အနာဖြစ်စေနိုင်သည်။ ထိုကြောင့် ဆီးလမ်းကြောင်းရောင်ရမ်းခြင်း ဖြစ်နိုင်ပြီး ဆီးသွားရာတွင် နာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ဆီးသွားခက်ခဲခြင်းတို့ ဖြစ်တတ်သည်။ တချို့တွင် ပြည်နည်းနည်းထွက်နိုင်သော်လည်း တချို့တွင် ပြည်မထွက်ဘဲလည်း ဖြစ်နိုင်သည်။

รับบริการที่อินทัชเมดิแคร์คลินิก

ရေယုန်၏ရောဂါလက္ခဏာများ

အစပိုင်းတွင် ရေယုန် ရောဂါ၏ လက္ခဏာများမှာ ကူးစက်ခံရသောနေရာတွင် ပူလောင်နာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ ဖြစ်တတ်သည်။ ပါးစပ်တွင်ဖြစ်သော ကူးစက်မှုနှင့် လိင်အင်္ဂါတွင်ဖြစ်သော ကူးစက်မှုတို့သည် လက္ခဏာတူညီကြပြီး ဖြစ်ပွားသည့်နေရာသာ ကွာခြားသည်။ ရောဂါလက္ခဏာများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည် —ပထမအကြိမ် ဖြစ်ပွားသည့်အဆင့်ရောဂါလက္ခဏာမပြသည့်အဆင့်ပြန်လည်ဖြစ်ပွားသည့်အဆင့်ဟူ၍ အမျိုးအစားခွဲခြားထားသည်။ရေယုန်ရဲ့လက္ခဏာတွေကဘာတွေလဲ။

อาการของโรคเริมเป็นอย่างไร

ပထမဆုံးအကြိမ်ဖြစ်ခြင်း

ယခင်က ရေယုန်မဖြစ်ဖူးသူများတွင် ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်ပြီး ကြာရှည်တတ်သည်။
ရေယုန်၏အစပိုင်းလက္ခဏာများမှာ အရေပြားယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အနီရောင်အကွက်ပေါ်လာခြင်းတို့ ဖြစ်သည်။ ထို့နောက် အနီရောင်အဖုသေးများ ပေါ်လာပြီး အရည်ကြည်ဖုများ အစုလိုက် အမြန်ထွက်လာသည်။ နောက်ပိုင်းတွင် အဖုများသည် ပြည်တည်အဖုများဖြစ်လာပြီး ပေါက်သွားသောအခါ အလွန်ပူလောင်နာကျင်သော အနာများ ဖြစ်လာတတ်သည်။တချို့လူများတွင် ကိုယ်မအီမသာဖြစ်ခြင်း၊ ဖျားနာသလိုဖြစ်ခြင်းများလည်း တွေ့ရနိုင်သည်။ အချို့တွင် အာရုံကြောနှင့်ဆိုင်သော လက္ခဏာများပါ ဖြစ်နိုင်ပြီး ခြေထောက်ကိုက်ခဲ

ခြင်း၊ ဆီးမထွက်နိုင်ခြင်း၊ တင်ပါးပတ်ဝန်းကျင် ထုံကျင်ခြင်းတို့ ဖြစ်နိုင်သည်။
အနာများသည် ပုံမှန်အားဖြင့် ၂–၃ ပတ်ခန့်ကြာပြီးမှ သက်သာပျောက်ကင်းတတ်သည်။

လက္ခဏာမပြသောအဆင့်

ဤအချိန်တွင် ဗိုင်းရပ်စ်သည် ကိုယ်တွင်း၌ ရှိနေသော်လည်း မည်သည့်လက္ခဏာမျှ မပြဘဲ “ငြိမ်သက်နေသောအဆင့်” (Latent phase) ဟု ခေါ်သည်။ ဗိုင်းရပ်စ်သည် ရောဂါလက္ခဏာ မပြသော်လည်း မျိုးပွားနိုင်ပြီး အခြားသူများထံ ကူးစက်နိုင်သေးသည်။ အထူးသဖြင့် လိင်အင်္ဂါရေယုန်တွင် အဖုအပိန့်မရှိသည့်အချိန်တွင်ပါ ကူးစက်နိုင်သည်။

ပြန်လည်ဖြစ်ပွားခြင်း

ရေယုန် ပြန်လည်ဖြစ်ပွားသည့်အခါ ပထမအကြိမ်ထက် လက္ခဏာများ ပိုမိုပျော့ပါးတတ်ပြီး ဖြစ်ပွားသည့်နေရာလည်း နည်းတတ်သည်။ ဖျားနာခြင်းလည်း မများဘဲ ယခင်ဖြစ်ခဲ့သောနေရာအနီးတွင်ပင် ပြန်ဖြစ်တတ်သည်။ အထူးသဖြင့် လိင်အင်္ဂါရေယုန်သည် ပြန်ဖြစ်လွယ်တတ်သည်။

อ่านเพิ่มเติม : การกลับมาเป็นซ้ำของเริม! เกิดจากอะไร ทำไมเป็นแล้วไม่หาย!

ရေယုန်ရောဂါကို ဘယ်လိုကုသမလဲ

  • ဆရာဝန်က ရောဂါလက္ခဏာပြင်းထန်မှုကို လျှော့ချရန်၊ ပြန်ဖြစ်လာမှုအကြိမ်ရေကို လျှော့ရန်နှင့် ရောဂါဖြစ်နေချိန်ကို တိုစေရန် သောက်ဆေးများပေးပါသည်။ ဆေးပေးသည့်ပုံစံ ၂ မျိုးရှိပါသည်။ အရေပြားပူလောင်နာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း စသည့် လက္ခဏာများ စတင်ပေါ်လာချိန်တွင် အဖုမထွက်သေးခင်ကတည်းက ဆေးပေးခြင်းနှင့် မကြာခဏပြန်ဖြစ်သူများ သို့မဟုတ် နာတာရှည်ရောဂါရှိသူများအတွက် ပြန်မဖြစ်စေရန် ကာကွယ်ဆေးပေးခြင်းတို့ဖြစ်ပါသည်။
  • ဗိုင်းရပ်စ်ကာကွယ်ဆေးများပေးခြင်း – အနာပြန်ကောင်းမြန်စေပြီး နာကျင်မှု၊ ယားယံမှု၊ ပူလောင်မှုတို့ကို သက်သာစေပါသည်
  • နာကျင်သက်သာဆေးနှင့် ဖျားနာသက်သာဆေးများပေးခြင်း
  • လူနာတစ်ဦးချင်းစီ၏ အခြေအနေအရ ဆရာဝန်က သင့်လျော်သည့် အခြားကုသနည်းများကိုလည်း စဉ်းစားပေးနိုင်ပါသည်

พบแพทย์ ดีกว่าซื้อยากินเอง

သင့်တွင် ရေယုန်ဟုသံသယရှိပါက သင်ဘာလုပ်သင့်သနည်း။

လျင်မြန်စွာ စစ်ဆေးကုသခြင်းသည်ရေယုန်ရောဂါ မပြန့်ပွားစေရန် လူနာအတွက် အကျိုးရှိစေပါသည်။ ထို့အပြင် ဖြစ်ပွားနေသောနေရာတွင် ယားယံခြင်း၊ ပူလောင်နာကျင်ခြင်းနှင့် နာကျင်မှုများကိုလည်း လျော့ပါးစေပါသည်။ယခင်ကရေယုန်ရောဂါဖြစ်ဖူးသူများအနေဖြင့် လက္ခဏာ အနည်းငယ်သာရှိသော်လည်း ချက်ချင်း စစ်ဆေးကုသမှုခံယူသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပါသည်။

ဆရာဝန်သည် လူနာတစ်ဦးကို တွေ့ဖူးပါသည်။ လူနာမှာ လိင်အင်္ဂါတွင် ပူလောင်စပ်ဖျဉ်းဖျဉ်းခံစားရပြီး အနာများဖြစ်နေသဖြင့် ဆရာဝန်ထံ လာရောက်ပြသခဲ့သည်။ ရောဂါရာဇဝင်မေးမြန်းကြည့်ရာ ဆေးဆိုင်မှ ထိုးဆေးနှင့် စတီးရွိုက်လိမ်းဆေးများ ဝယ်ယူအသုံးပြုခဲ့ပြီး ၁ ပတ်ကြာသော်လည်း အခြေအနေမကောင်းလာဘဲ အနာများ ပိုမိုပြန့်ပွားလာကြောင်း သိရသည်။စစ်ဆေးကြည့်ရာ အနာ၏ပုံစံမှာရေယုန်နှင့် ဆင်တူနေသဖြင့် ဆရာဝန်က STD Test ဖြင့် အတည်ပြုစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ စစ်ဆေးချက်အရ အမှန်တကယ် ရေယုန် ပိုးတွေ့ရှိခဲ့ပါသည်။

ဆရာဝန်က သောက်ဆေးနှင့် လိမ်းဆေးများ ပေး၍ ကုသခဲ့ရာ လူနာ၏အခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်လာပြီး အနာများလည်း ပျောက်ကင်းသွားခဲ့ပါသည်။ထို့အပြင် ဆရာဝန်က ထပ်မံအကြံပြုထားသည်မှာ ပုံမှန်အားဖြင့် ရေယုန်ရောဂါတွင် စတီးရွိုက်လိမ်းဆေး မလိမ်းသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အနာများကို ယခင်ထက်ပိုမို ပြန့်ပွားစေပြီး ပျောက်ကင်းရန် ခက်ခဲစေနိုင်သောကြောင့် ဖြစ်ပါသည်။

Intouch Medicare Clinic မှ ဒေါက်တာ Warangkana Viwansirikul

ရေယုန်ရောဂါဖြစ်ဖူးသူများ သို့မဟုတ် လက်ရှိဖြစ်နေသူများ၏ ခန္ဓာကိုယ်အတွင်းတွင် ဗိုင်းရပ်စ်ပိုးသည် ရှိနေတတ်ပြီး တစ်ခါတစ်ရံ မည်သည့်လက္ခဏာမှ မပြသဘဲနေနိုင်ပါသည်။ သို့သော် မိမိ၏ ကလေးများ၊ ဆွေမျိုးများနှင့် ချစ်ခင်ရသူများထံသို့ အချိန်မရွေး ကူးစက်စေနိုင်ပါသည်။

คลินิกรักษาโรคเริม

ရေယုန်ကုသရေးဆေးခန်း

Intouch Medcare သည်လိင်အင်္ဂါတွင်ဖြစ်သော ရေယုန်ရောဂါနှင့် ပါးစပ်တွင်ဖြစ်သော ရေယုန်ရောဂါများကို ကုသပေးသော ဆေးခန်းတစ်ခု ဖြစ်ပါသည်။  ရေယုန်ရောဂါဖြစ်ပွားပါက ဆရာဝန်နှင့် တွေ့ဆုံ၍ မှန်ကန်သော စစ်ဆေးမှုနှင့် ကုသမှုကို ခံယူသင့်ပါသည်။ လက်ရှိအချိန်တွင် ရေယုန် ကို အပြီးတိုင် ပျောက်ကင်းစေသော ကုသနည်း မရှိသေးသော်လည်း မှန်ကန်စွာ ကုသခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပါသည်။

Intouch Medcareသည် အမျိုးသမီးကျန်းမာရေးနှင့်  လိင်မှတဆင့် ကူးစက်သောရောဂါများကို ကုသပေးသည့် ဆေးခန်းဖြစ်ပါသည်။ ဝန်ဆောင်မှုကို ကျွမ်းကျင်မှုရှိသော အမျိုးသမီးဆရာဝန်များမှ ပေးအပ်သဖြင့် လူနာများအနေဖြင့် ကုသမှုခံယူရာတွင် စိုးရိမ်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း မလိုဘဲ ယုံကြည်စိတ်ချစွာ လာရောက်ကုသနိုင်ပါသည်။

လူနာများအနေဖြင့် ရေယုန်နှင့် ပတ်သက်သော အချက်အလက်များကိုနီးစပ်ရာ  ရေယုန်ရောဂါကုသရေးဆေးခန်းကို မေးမြန်းနိုင်ပြီး ကုန်ကျစရိတ် အကြမ်းဖျင်းကိုလည်း ကြိုတင်ခန့်မှန်းနိုင်ပါသည်။ ဝက်ဘ်ဆိုက်စာမျက်နှာရှိ chat မှတဆင့် ဆက်သွယ်နိုင်သလို hotline ဖုန်း 081-562-7722 ကိုလည်း ဆေးခန်းဖွင့်ချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။လူနာများ၏

အချက်အလက်များကို လျှို့ဝှက်ထားရှိပေးပြီး အသက်အရွယ်မရွေး၊ လိင်မရွေး လူတိုင်းကို ဂရုစိုက်မှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးပါသည်။Intouch Medcareတွင် ဝန်ဆောင်မှုမရယူမီ ဖုန်းဖြင့် ကြိုတင်ချိန်းဆိုနိုင်သလို walk-in ဖြင့်လည်း တိုက်ရိုက်လာရောက် ကုသမှုခံယူနိုင်ပါသည်။

စိတ်ဝင်စားဖွယ်ဆောင်းပါးများ

အသေးစိတ်ဆက်သွယ်မေးမြန်းရန်အတွက်

နောက်ဆုံးပြင်ဆင်ရေးသားခြင်း : 22/05/2026

ရုပ်ပုံများကို ပညာရေးဆိုင်ရာ သို့မဟုတ် ပညာပေးရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန်ခွင့်ပြုထားပြီး intouchmedicare.com ကို ခရက်ဒစ် ပေပြီး အသုံးပြုနိုင်ပါသည်။