ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်မီ ပြင်ဆင်ရမည့်အချက်များ

ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်မီ ပြင်ဆင်ရမည့်အချက်များ

ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်ခင်ကြိုတင်ပြင်ဆင်သင့်သည် ထိရောက်တိကျသောရလဒ်များရရှိဖို့ရန်အတွက် အောက်ပါအတိုင်းအချက်များအလိုက်ပြင်ဆင်ထားသင့်သည်။

  1. ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး 8–10 နာရီ အထိအစာသောက်များနှင့် လက်ဖက်ရည်၊ကော်ဖီနှင်အချိုရည်များကို လုံးဝမစားသောက်ဘဲရှောင်လာရမည်။ (ရိုးရိုးရေတစ်ခုသားအနည်းငယ်သောက်သုံးနိုင်ပါသည်။)
  2. စစ်ဆေးမှုမပြုလုပ်မီညတွင် အနည်းဆုံး 6- 8 နာရီ လုံလောက်စွာ အနားယူအိပ်စက်ပါ။
  3. စစ်ဆေးမှုမတိုင်မီ ၂၄ နာရီအတွင်း အရက် ဘီယာများကို ရှောင်ရှားပါ။ အရက်သောက်ခြင်းသည် စစ်ဆေးမှုရလဒ်ကို ထိခိုက်စေနိုင်ပါသည်။
  4. လက်မောင်းမှသွေဖောက်ရန် လွယ်ကူစေမည် လက်တိုအဝတ်အစားများကိုဝတ်ဆင်လာပါ။
  5. အမျိုးသမီးများအတွက် (ဆီးစစ်ဆးမှုရှိပါက) ရာသီမလာမီ ၇ ရက် နှင့် ရာသီလာပြီးနောက် ၇ ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။ အကယ်၍ ရာသီလာနေပါက ဆီးစစ်ဆေးမှုကို မပြုလုပ်သင့်ပါ၊ အဘယ်ကြောင့်ဆိုသော် ရာသီသွေးသည် ဆီးစစ်ဆေးမှုရလဒ်ကို ထိခိုက်စေနိုင်ပါသည်။
  6. ဝက်ရူးပြန်ရောဂါ (Epilepsy) ကဲ့သို့သော နာတာရှည်ရောဂါ သို့မဟုတ် လက်ရှိဖျားနာမှုရှိပါက ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ ဝန်ထမ်းများအား ကြိုတင်အသိပေးပါ။
  7. သွေးတိုးကျဆေးကဲ့သို့သော ပုံမှန်သောက်သုံးနေသည့် ဆေးများရှိပါက ပုံမှန်အတိုင်း ဆက်လက်သောက်သုံးနိုင်ပါသည်။ သို့သော် မိမိသောက်သုံးနေသော ဆေးများကို ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ ဝန်ထမ်းများအား ကြိုတင်အသိပေးပါ။
  8. Passport နိုင်ငံကူးလက်မှတ်နှင့် ကုမ္ပဏီစာရွက်စာတမ်းများကို အသင့်ပြင်ထားပါ။

အသေးစိတ်ဆက်သွယ်မေးမြန်းရန်အတွက်

နောက်ဆုံးပြင်ဆင်ရေးသားခြင်း : 04/08/2026

ရုပ်ပုံများကို ပညာရေးဆိုင်ရာ သို့မဟုတ် ပညာပေးရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန်ခွင့်ပြုထားပြီး intouchmedicare.com ကို ခရက်ဒစ် ပေပြီး အသုံးပြုနိုင်ပါသည်။